Thiha Saga 101 : Chapter (12) – Back in School Pt.1

[Zawgyi] [See below for Unicode]

Facebook မွာ ပိုက္ဆံ၀င္ခ်င္ရင္ ဒါကို Share ပါ။ ဒီဟာကိုမshare ရင္ ကံဆိုးမည္ဘာညာ ဆိုတာFacebook ေပၚလာမွရွိတာမဟုတ္ဘူးရယ္။ဒီကိစၥနဲ့ပတ္သက္ျပီး ေက်ာင္းတုန္းကပံုျပင္ေလးရွိတယ္။ အဲ့ေခတ္တုန္းကလဲ၀ါက်တစ္ေၾကာင္းဟာအဓိပၸါယ္မရွိေတာင္ ေျခာက္လန့္မွုပါေနရင္လူေတြကအမွန္ထင္တဲ့ေခတ္ကိုး။   ေက်ာင္းကဆရာမေတြေတာင္ ေန့လည္ထမင္းစားေက်ာင္းဆင္းလို့ ဖုန္းေတြပိတ္လို့ပိတ္ ဘက္ထရီျဖဳတ္တဲ့လူကျဖဳတ္နဲ့ ဘာလို့လဲေမးၾကည့္ေတာ့ NASA ကေၾကျငာထားတယ္ ေန့လည္ မြန္းတည့္ခ်ိန္မွာ ေနကေနျပီး လ်ွပ္စစ္ပစၥည္းေတြထဲ virus၀င္မယ္လို့ေျပာထားတယ္တဲ့။ကိုယ္ေတြကအဲ့တုန္းကယံုလားမယံုလားထက္ဂရုေတာင္မစိုက္နိုင္ခဲ့ပါဘူး။ ဖုန္းဆိုတာအေမတို့အေဖတို့ကိုင္တဲ့ေခတ္ကိုး။
———————————-
၆တန္းတုန္းက အတန္းထဲကတစ္ေကာင္ စာရြက္တစ္ရြက္ကို အရြက္၂၀မိတၱဴ ကူးလာတယ္။ ျပီးေတာ့အတန္းထဲကသိတဲ့လူမွန္သမ်ွကိုစာရြက္အရြက္၂၀ကုန္တဲ့အထိလိုက္ေ၀တယ္။ အဲ့ထဲမွာကိုယ္ေတြလဲတစ္ရြက္ရတယ္။စာရြက္ထဲမွာဘာေရးထားလဲဆိုတာခုေတာ့အေသးစိတ္မမွတ္မိေတာ့ဘူး။ အဲ့ထဲမွာကဘာနတ္သမီးဆိုလား။စာရြက္ရဲ့ေထာင့္မွာပံုတစ္ပံုပါတယ္။အဲ့ပံုက၅တန္းဖတ္စာအုပ္ထဲကေလဘာတီမျမရင္ ထိုင္ေနတဲ့ပံုနဲ့တူတယ္။ေလဘာတီမျမရင္လားေတာ့မေျပာတတ္။ဖတ္စာအုပ္တိုင္းကအမည္းနဲ့အျဖဴျဖစ္တဲ့အျပင္အမည္း ကပိုမ်ားေနေတာ့သာစည္ကမျမရင္လည္းနစ္ဂါျဖစ္ေနတယ္။အဲ့မွာပထမဆံုးေရးထားတာကဒီစာရြက္ကိုလူအေယာက္ ၂၀မ်ွေ၀ပါ။မ်ွေ၀တဲ့ဦး(ယုတၱိရွိတဲ့နာမည္)ဘယ္သူကဆိုက္ကားနင္းျပီးအျပန္သူ့အိမ္မွာ ေရြွထုပ္ေတြ့တယ္။ အဲ့လိုဘဲမ်ွေ၀တဲ့ ေဒၚ(ယုတၱိရွိတဲ့နာမည္)ကႏွစ္ရွည္ၾကာခံစားေနရတဲ့အစာအိမ္ေရာဂါေပ်ာက္သြားတယ္။   ျပီးေတာ့ထီေပါက္တယ္တဲ့။ဒီစာကိုမမ်ွေ၀တဲ့ ေမာင္(ယုတၱိရွိတဲ့နာမည္)ဘယ္သူကေတာ့ ေပါ့ေပါ့တန္တန္ေနျပီး အေရးမၾကီးဘူးဆိုျပီးမရွဲတာတစ္ပတ္ေနေတာ့အျပင္းအထန္ဖ်ားျပီးနာတာရွည္ေရာဂါဆြဲသြားတယ္ဆိုျပီးေရးထားတယ္။
—————————————-
ကိုယ္ေတြကေတာ့စပ္ျဖီးျဖီးနဲ့ဖတ္ေနတုန္း ေနာက္ဆံုး ေမာင္(ယုတၱိရွိတဲ့နာမည္)ကတစ္ပတ္ေနေတာ့အျပင္းဖ်ားတယ္ ဆိုေတာ့ ေခါင္းၾကီးသြားတာေပါ့။အေပၚကေျပာသလိုဘဲအာတာကနတ္ဆိုေတာ့ကိုယ့္ကိုယ္အရြက္၂၀မေ၀လို့စိတ္ဆိုး သြားမွဖ်ားေနမယ္။ဖ်ားတာကဘာမွမျဖစ္ဘူးဒါေပမဲ့ေနာက္လကေနာက္ဆံုးစာေမးပြဲၾကီး။သိပၸံကမရေသးဘူး။ ကိုယ္ေတြကလဲယံုတာေပါ့့။အဲ့တုန္းကအင္တာနက္ဆိုတာကနာရူတိုပံုbrowserကေနdesktopscreenကိုဆြဲခ် ဖို့ေလာက္အထိဘဲသံုးတတ္တာဆိုေတာ့ဘာလာလာနည္းနည္းယံုတယ္။ပိုဆိုးတာကစာေမးပြဲနီးမွဖ်ားလို့မရဘူး။ သိပၸံကအတိအက်က်က္ရတဲ့အျပင္မ်ားတယ္။ကိုယ္ေတြတစ္ေယာက္တည္းေသြးပ်က္တာမဟုတ္ဘူး။ ရတဲ့အေယာက္၂၀လံုးေသြးပ်က္တာ။ကိုယ္ေတြတစ္ေယာက္တည္းေသြးပ်က္မခံနိုင္ဘူး။အဲ့ေတာ့အတန္းထဲမွာရွိ သမ်ွေကာင္ေတြကိုလိုက္ျပတယ္။သူတို့လဲအရြက္၂၀ေ၀ရေတာ့မယ္ေလ။ကိုယ္တစ္ေယာက္ထဲမွမဟုတ္ေတာ့တာ ။ေန့ခင္းကေနစျပီးျပန့္သြားတာ၆တန္းဘီခန္းကေန ေအခန္းထိကူးသြားတယ္။၆တန္း၂ခန္းလံုးမိုးမီးေလာင္တာ။ ပိုဆိုးတာက၆တန္းတုန္းကေသာၾကာေန့ညေနဆိုရင္စာရိတၱ၊သက္ေမြး၊ေက်ာင္းလုပ္ငန္းခ်ိန္ဆိုေတာ့ကာဆရာမ လည္းမ၀င္ဘူး။ကိုယ္ေတြကလည္းအဲ့တုန္းကမုန့္ဖို့တစ္ရက္၅၀၀ရတာေန့ခင္းေရာက္ေနျပီဆိုေတာ့သံုးျဖဳန္းျပီးျပီ။   ေက်ာင္းေရွ့မွာကမိတၱဴဆိုင္ေတြေပါေပမဲ့လက္ထဲမွာက်န္တဲ့၁၀၀ကညေနအိမ္ကိုဖုန္းဆက္ျပီးလာၾကိဳခိုင္းဖို့ေျပာရမွာ ဆိုေတာ့ေၾကာက္ေၾကာက္နဲ့ဘာမွမလုပ္လိုက္ရဘူး။တစ္တန္းလံုးေက်ာင္းဆင္းတဲ့အခ်ိန္အကုန္ေသြးပ်က္ေနတာ။ ကိုယ္ေတြပိုဆိုးတယ္။ကိုယ္ေတြရဲ့စာရြက္ကအျပလြန္ရင္စိတ္ဆိုးတတ္တဲ့ေကာင္မေလးကိုသြားျပမိတာစကၠဴလံုးျဖစ္ျပီး အမိွုက္ပံုထဲေရာက္သြားတယ္။တစ္တန္းလံုးကိုယ္ဘဲနတ္ကိုင္ခံရမလားစိတ္ဆိုးတဲ့ေကာင္မေလးဘဲနတ္ကိုင္ခံရမလား မ်က္လံုးျပဴးျပီးၾကည့္တယ္။ဒီလိုနဲ့တစ္ပတ္ၾကာေတာ့ကိုယ့္ကိုယ္ကိုမဖ်ားဘူးဆိုတာသိလိုက္တဲ့။ အဲ့တစ္ပတ္အခ်ိန္အတြင္းမွာကိုယ္ေတြသိပၸံက်က္ေနတာေနာက္ဆံုးစာမ်က္ႏွာကnuclearအေၾကာင္းေရာက္ေနျပီ။


[Unicode]

Facebook မှာ ပိုက်ဆံဝင်ချင်ရင် ဒါကို Share ပါ။ ဒီဟာကိုမshare ရင် ကံဆိုးမည်ဘာညာ ဆိုတာFacebook ပေါ်လာမှရှိတာမဟုတ်ဘူးရယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းတုန်းကပုံပြင်လေးရှိတယ်။ အဲ့ခေတ်တုန်းကလဲဝါကျတစ်ကြောင်းဟာအဓိပ္ပါယ်မရှိတောင် ခြောက်လန့်မှုပါနေရင်လူတွေကအမှန်ထင်တဲ့ခေတ်ကိုး။   ကျောင်းကဆရာမတွေတောင် နေ့လည်ထမင်းစားကျောင်းဆင်းလို့ ဖုန်းတွေပိတ်လို့ပိတ် ဘက်ထရီဖြုတ်တဲ့လူကဖြုတ်နဲ့ ဘာလို့လဲမေးကြည့်တော့ NASA ကကြေငြာထားတယ် နေ့လည် မွန်းတည့်ချိန်မှာ နေကနေပြီး လျှပ်စစ်ပစ္စည်းတွေထဲ virus၀င်မယ်လို့ပြောထားတယ်တဲ့။ကိုယ်တွေကအဲ့တုန်းကယုံလားမယုံလားထက်ဂရုတောင်မစိုက်နိုင်ခဲ့ပါဘူး။ ဖုန်းဆိုတာအမေတို့အဖေတို့ကိုင်တဲ့ခေတ်ကိုး။
———————————-
၆တန်းတုန်းက အတန်းထဲကတစ်ကောင် စာရွက်တစ်ရွက်ကို အရွက်၂၀မိတ္တူ ကူးလာတယ်။ ပြီးတော့အတန်းထဲကသိတဲ့လူမှန်သမျှကိုစာရွက်အရွက်၂၀ကုန်တဲ့အထိလိုက်ဝေတယ်။ အဲ့ထဲမှာကိုယ်တွေလဲတစ်ရွက်ရတယ်။စာရွက်ထဲမှာဘာရေးထားလဲဆိုတာခုတော့အသေးစိတ်မမှတ်မိတော့ဘူး။ အဲ့ထဲမှာကဘာနတ်သမီးဆိုလား။စာရွက်ရဲ့ထောင့်မှာပုံတစ်ပုံပါတယ်။အဲ့ပုံက၅တန်းဖတ်စာအုပ်ထဲကလေဘာတီမမြရင် ထိုင်နေတဲ့ပုံနဲ့တူတယ်။လေဘာတီမမြရင်လားတော့မပြောတတ်။ဖတ်စာအုပ်တိုင်းကအမည်းနဲ့အဖြူဖြစ်တဲ့အပြင်အမည်း ကပိုများနေတော့သာစည်ကမမြရင်လည်းနစ်ဂါဖြစ်နေတယ်။အဲ့မှာပထမဆုံးရေးထားတာကဒီစာရွက်ကိုလူအယောက် ၂၀မျှဝေပါ။မျှဝေတဲ့ဦး(ယုတ္တိရှိတဲ့နာမည်)ဘယ်သူကဆိုက်ကားနင်းပြီးအပြန်သူ့အိမ်မှာ ရွှေထုပ်တွေ့တယ်။ အဲ့လိုဘဲမျှဝေတဲ့ ဒေါ်(ယုတ္တိရှိတဲ့နာမည်)ကနှစ်ရှည်ကြာခံစားနေရတဲ့အစာအိမ်ရောဂါပျောက်သွားတယ်။   ပြီးတော့ထီပေါက်တယ်တဲ့။ဒီစာကိုမမျှဝေတဲ့ မောင်(ယုတ္တိရှိတဲ့နာမည်)ဘယ်သူကတော့ ပေါ့ပေါ့တန်တန်နေပြီး အရေးမကြီးဘူးဆိုပြီးမရှဲတာတစ်ပတ်နေတော့အပြင်းအထန်ဖျားပြီးနာတာရှည်ရောဂါဆွဲသွားတယ်ဆိုပြီးရေးထားတယ်။
—————————————-
ကိုယ်တွေကတော့စပ်ဖြီးဖြီးနဲ့ဖတ်နေတုန်း နောက်ဆုံး မောင်(ယုတ္တိရှိတဲ့နာမည်)ကတစ်ပတ်နေတော့အပြင်းဖျားတယ် ဆိုတော့ ခေါင်းကြီးသွားတာပေါ့။အပေါ်ကပြောသလိုဘဲအာတာကနတ်ဆိုတော့ကိုယ့်ကိုယ်အရွက်၂၀မဝေလို့စိတ်ဆိုး သွားမှဖျားနေမယ်။ဖျားတာကဘာမှမဖြစ်ဘူးဒါပေမဲ့နောက်လကနောက်ဆုံးစာမေးပွဲကြီး။သိပ္ပံကမရသေးဘူး။ ကိုယ်တွေကလဲယုံတာပေါ့့။အဲ့တုန်းကအင်တာနက်ဆိုတာကနာရူတိုပုံbrowserကနေdesktopscreenကိုဆွဲချ ဖို့လောက်အထိဘဲသုံးတတ်တာဆိုတော့ဘာလာလာနည်းနည်းယုံတယ်။ပိုဆိုးတာကစာမေးပွဲနီးမှဖျားလို့မရဘူး။ သိပ္ပံကအတိအကျကျက်ရတဲ့အပြင်များတယ်။ကိုယ်တွေတစ်ယောက်တည်းသွေးပျက်တာမဟုတ်ဘူး။ ရတဲ့အယောက်၂၀လုံးသွေးပျက်တာ။ကိုယ်တွေတစ်ယောက်တည်းသွေးပျက်မခံနိုင်ဘူး။အဲ့တော့အတန်းထဲမှာရှိ သမျှကောင်တွေကိုလိုက်ပြတယ်။သူတို့လဲအရွက်၂၀ဝေရတော့မယ်လေ။ကိုယ်တစ်ယောက်ထဲမှမဟုတ်တော့တာ ။နေ့ခင်းကနေစပြီးပြန့်သွားတာ၆တန်းဘီခန်းကနေ အေခန်းထိကူးသွားတယ်။၆တန်း၂ခန်းလုံးမိုးမီးလောင်တာ။ ပိုဆိုးတာက၆တန်းတုန်းကသောကြာနေ့ညနေဆိုရင်စာရိတ္တ၊သက်မွေး၊ကျောင်းလုပ်ငန်းချိန်ဆိုတော့ကာဆရာမ လည်းမဝင်ဘူး။ကိုယ်တွေကလည်းအဲ့တုန်းကမုန့်ဖို့တစ်ရက်၅၀၀ရတာနေ့ခင်းရောက်နေပြီဆိုတော့သုံးဖြုန်းပြီးပြီ။   ကျောင်းရှေ့မှာကမိတ္တူဆိုင်တွေပေါပေမဲ့လက်ထဲမှာကျန်တဲ့၁၀၀ကညနေအိမ်ကိုဖုန်းဆက်ပြီးလာကြိုခိုင်းဖို့ပြောရမှာ ဆိုတော့ကြောက်ကြောက်နဲ့ဘာမှမလုပ်လိုက်ရဘူး။တစ်တန်းလုံးကျောင်းဆင်းတဲ့အချိန်အကုန်သွေးပျက်နေတာ။ ကိုယ်တွေပိုဆိုးတယ်။ကိုယ်တွေရဲ့စာရွက်ကအပြလွန်ရင်စိတ်ဆိုးတတ်တဲ့ကောင်မလေးကိုသွားပြမိတာစက္ကူလုံးဖြစ်ပြီး အမှိုက်ပုံထဲရောက်သွားတယ်။တစ်တန်းလုံးကိုယ်ဘဲနတ်ကိုင်ခံရမလားစိတ်ဆိုးတဲ့ကောင်မလေးဘဲနတ်ကိုင်ခံရမလား မျက်လုံးပြူးပြီးကြည့်တယ်။ဒီလိုနဲ့တစ်ပတ်ကြာတော့ကိုယ့်ကိုယ်ကိုမဖျားဘူးဆိုတာသိလိုက်တဲ့။ အဲ့တစ်ပတ်အချိန်အတွင်းမှာကိုယ်တွေသိပ္ပံကျက်နေတာနောက်ဆုံးစာမျက်နှာကnuclearအကြောင်းရောက်နေပြီ။

15542380_1144730555644752_7334905352802397051_n

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s