“ဟာ… မင်းဘယ်သူ့စီမှာသင်တာလဲ”
“မိုက်လိုက်တာ…”
“နင်ကတော်တော်လေးကို တော်တာဘဲ။ ငါတို့တောင်မလုပ်တတ်ဘူး”
တော်တော်များများပြောကြတယ်။ အဓိကအားဖြင့် ကျောင်းမှာပေါ့။ ကိုယ့်ကိုယ်ကိုယ်တော်တယ်လို့တော့မှတ်မယူထားပါဘူး။
ကိုယ့်ကိုယ်ကိုယ် ဘာလုပ်ရသိလို့ လိုအပ်ချက်တွေလိုက်ဖြည့်ရင်းဖြစ်သွားတာပါ။ ခုထိ ကိုယ်တွေ perfect မဖြစ်သေးဘူး။ အဲ့တော့ Self learning ဘဲလုပ်တာပေါ့။ သူများစီက သင်ရင် သိပ်မပြည့်စုံဘူး (ကန်တော့ပါရဲ့) လို့ ခံစားရတယ်။ ကိုယ်သိချင်တဲ့ခေါင်း စဉ်ကို Forum တွေ blog တွေမှာ ဖတ်ပြီး နားလည်အောင်လုပ်ရတာ အရမ်းမိုက်တယ်။ လွတ်လပ်တယ်။ ကြိုက်တာ ကမြင်းလို့ရတယ်။ အချိန်အကန့်အသက်မရှိဘူး။
ဆိုးတာတစ်ခုက ကိုယ်လမ်းပျေက်သွားရင် ဘာလုပ်ရမှန်းမသိတော့ဘူး။ Mentor ရှိပေမဲ့ ကိုယ်တွေရဲ့ Mentor တွေလည်း self learning လုပ်ဖို့ force လုပ်တယ်။ အဲ့လိုဆို ၂ ရက် ၃ ရက် ဆိုးဆိုးဝါးဝါး ဆို ၈ရက်။
Laravel မှာ Auth():: နဲ့ Middleware နားလည်အောင်ဖတ်ရတာမနည်း လုပ်ရတယ်။ ခုထိတောင် ခပ်လည်လည်ဘဲ။
ကျောင်း ဒုတိယနှစ် ပရောဂျက်တုန်းကဆို အသိသာဆုံးဘဲ။ ကိုယ်တွေ သိလိုက်တာက ငါ့ကိုယ် ကျွမ်းလာအောင် လုပ်ပေးနိုင် မဲ့ ဆရာမရှိသေးဘူးဆိုတာဘဲ။ အဲ့အချိန်မှာ အမြန်ဆုံး လုပ်ဆောင်ချက်တစ်ခု ကို လုပ်ဆောင်လိုက်တယ်။
အဲ့တာက အင်တာနက်မှာ စာ လေ့လာတာဘဲ။ တော်တော်လေး ကို ပြောင်းလဲသွားတယ် ဒီနှစ်ထဲ။ ဘယ်ဟာက ဘာ ဘာကဘယ်ဟာ စသဖြင့်ပေါ့။
ပြောချင်တာကတော့ ကိုယ်က IT ပိုင်း နဲ့ပတ်သက်သာလုပ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံတယ်လို့ ယူဆပြီးဝင်မလာပါနဲ့။ အနစ်နာခံပြီး ၀င်လာတယ်ဆိုရင် စိတ်ဓာတ်လွယ်လွယ်ကျပြီး ထွက်ချင်သွားလိမ့်မယ်။ အဲ့တော့ IT ပိုင်း Programming ပိုင်းထဲကို ၀င်လာပြီဆိုတာနဲ့ ငါရွေးချယ်တယ် (I choose to) ဆိုပြီးလုပ်ပါ။ ဘယ်ဟာဘယ်လောက်ခက်ခက် I choose to လို့ ညည်းလိုက်။ ပြန်ပြီး လဲနေရာကနေ ထလာနိုင်လိမ့်မယ်။ သက်ပြင်းကြီးကြီး ချပြီး ဆက်လုပ်။ မောတာကတော့ သေအောင်မောတယ်။ ဘာလို့လဲဆိုတော့ Self learning ဆိုကတည်းက ကိုယ်သာလျင် ဆရာ ပုံစံမျိုး။ သူများတွေနဲ့မတူဘူးလို့ ခံစားမိမယ်။ အဲ့လိုခံစားမိတာ ကောင်းတယ်လေ။ ဘာလို့လဲဆိုတော့ ငါဟာ ငါလုပ်ချင်တာလုပ်နေလို့ ဘောင်ကို အလွန်ရောက်အောင်သွားနိုင်ပြီလို့ ခံစားမိတာဘဲလေ။
Why Keep Fighting?
Because, I choose to.
:: The Matrix