တစ်ကယ်တော့ ကိုယ်တွေစာမကျက်တဲ့လူတွေထဲမှာ ထိပ်ဆုံးကနေပါတယ်။ စာလဲမကျက်ဘဲနဲ့ စာမေးပွဲအောင်တော့ “နင်ဘယ်လိုဖြေလဲ” လို့လူတိုင်းလိုလိုလာမေးကြတယ်။ တစ်ကယ်တော့ စာမေးပွဲဆိုတာကိုယ်တွေအတွက်တော့ အဆ ပါ :3
>Semester တစ်ခုလုံးစာမကျက်ပါနဲ့။ စာကျက်လိုက်တာနဲ့ Topic တစ်ခုကိုခေါင်းထဲမှတ်လိုက်ရင် အခြားစာတွေမေ့သွားတတ်ပါတယ် (ကိုယ်တွေကတော့အဲ့လိုဘဲ။ဘယ်တော့မှ အရာ သုံး ခု လေး ခု ကိုတစ်ပြိုင်နက် ခေါင်းထဲမထည့်ထားဘူး။) အဲ့တော့စာဖတ်ပါ။ ဖတ်စာအုပ်ဖတ်ပါ။ အင်တာနက်မှာဆက်ရှာဖတ်ပါ။ ကိုယ့်ဟာကိုယ်အဲ့အကြောင်းအသစ်ပြန်ရေးပါ။ ကိုယ်ရေးထားတာကိုဖတ်ပါ။
>စာတော့ဖတ်လာပါတယ် စာမေးပွဲနီးပြီဆို စာကမကျက်ရသေးတော့ (ငယ်ကတည်းကကျက်လာတဲ့သောက်ကျင့်လေးကလည်းပါလာတော့) စာမရမှာဆိုးလာပါတယ်။ အဲ့အချိန်ထိစာဆက်ဖတ်ပါ။ စာရတယ်ဆို တဲ့ ကီ သွင်းနည်းတွေအများကြီးပါ။ ကိုယ်တွေကျင့်သုံးတဲ့ ကီ သွင်းနည်းလေးကိုပြောပြမယ်။ စာမေးပွဲမဖြေခင် ၁၀ရက် တစ်ပတ် အလို ဘယ်သွားသွားစာအုပ်ကိုကိုင်ထားပါ။ ကိုင်ထားတဲ့စာအုပ်ကိုအပျင်းပြေ အားရင်ဖတ်ပါ။အိပ်လည်း ရင်ဘက်ပေါ်တင်ထားပါ။ စာမေးပွဲခန်းဝင်တဲ့အထိ စာအုပ်ကိုကိုင်ထားပါ။ စာမေးပွဲခန်းဝင်ခါနီးမှ ဘုရင့်နောင်ဖောင်ဖျက်သလိုမျိုး စာအုပ်ကို ၀ဲ ပလိုက်ပါ။ (စာအုပ်ကိုရိုသေလို့စာမေးပွဲကျတယ်ဆိုတာမရှိပါဘူး။ ကိုယ်သောက်သုံးမကျလို့ စာမေးပွဲကျတာဘဲရှိတယ်။)။ ပြီးလျင် စာမေးပွဲအခန်းထဲ သို့ Dark Souls ထဲက Nameless King ကြီးကိုချတော့မည့်အသွင် ၀င်လိုက်ပါ။ Nameless King ဆိုးသွမ်းပုံကိုပုံတွင်ခံစားပါ(သေခါနီးအထိ ကီ သွင်းထားပါတယ်လို့ဆိုနိုင်ပါတယ်။)
>စာမေးပွဲခန်းထဲရောက်ပြီဆိုတာနဲ့ ကိုယ်တွေကတော့ BC ကလူတွေစောင့်တယ်။ သူတို့စာမေးပွဲစည်းကမ်းဖတ်တာကိုနားထဲမသွင်းပါနဲ့။ ကိုယ်က Smart Watch တို့ iPhone တို့မကိုင်နိုင်ရင်အဲ့စည်းကမ်းတွေက ကိုယ်တွေနဲ့ မဆိုင်ပါဘူး။ ဖြေ…ဆိုတာနဲ့ သွင်းထားခဲ့တဲ့ ကီ တွေ အားပါးတရထုတ်ပြီး ငါရတယ်ဆိုပြီး ဖြေသာဖြေလိုက်ပါ။ ဗြိတိသျှမှစာစစ်သူများသည်မြန်မာပြည်လို အမှတ်ပေးကပ်စေးမကုပ်သည်ကိုလဲနှလုံးသွင်းယူထားပါ။ သူနဲ့ဆိုင်တဲ့ စာလုံးတွေပါရင်ကို အမှတ်ရတယ်ဆိုတာသိထားလိုက်ပါ။ ဖြေပြီးရင် အစောဆုံးထွက်ပါ။ ဒါမှ ၀ဋ် ကျွတ်တာမြန်မှာ။
>ဒီအခြေအနေမှာအားရဝမ်းသာပျော်ပါးနေပါ။
——–
—၂လသောအချိန်ကာလကြာပြီး အဲ့လ ရဲ့ဒုတိယအပတ်သောကြာနေ့ရောက်သောအခါ–
>နောင်တရပါ။ ခြေလက်တွေ အေး စက်နေပါစေ။ စိတ်လှုပ်ရျားလို့ အန်စရာရှိလျင် အားရပါးရအန်လိုက်ပါ။ ပိုက်ဆံဘယ်လိုပြန်သွင်းပြီး စာမေးပွဲဘယ်လိုပြန်ဖြေရမည်ဆိုတာကို တစ်ပတ်ကြိုစီစဉ်ထားပါ။ စာမေးပွဲဖြေနေစဉ် မိမိဆော့သော DotA ID နဲ့ Student ID မှားတတ်မိလိုက်သလား တွေးပြီး အဝကြောက်ပါ။ ညနေ လေးနာရီ ငါးနာရီ ၀န်းကျင်တွင် ဘယ်သူမှမခေါ်သော သင့်ဖုန်းက မေ့တေ့တေ့ဖြစ်နေသော ringtone အသံလေးနဲ့ဖုန်းကိုင်ဖို့ အသိပေးပါလိမ့်မယ်။ ဖုန်းကိုင်လိုက်ပါ။ ၁၀စက္ကန့်အတွင်း Plan A နဲ့ Plan B ချထားခဲ့လျင် Plan တစ်ခုနောက်ကိုတော့လိုက်ရမည်ကိုသိထားလိုက်ပါ။ ကိုင်း….စာမေးပွဲအောင်သွားပါပြီ။ အားရပါးရပျော်ပါ။ စာမကျက်ဘဲအောင်ခဲ့လျင် တစ်ညလုံး ဘေးနားကအခန်းတွေကိုအားမနာဘဲ Fairy Tail Theme Song ကြီးဖွင့်ပြီး မြူးလိုက်Mukashi no Yuujin ga Kawarazu ni iru Toiu no mo Waruku nai Mono da na ဖွင့်ပြီးဆွေးလိုက် တစ်ညလုံး ခံစားချက်ပေါင်းစုံ လည့်လှည်ခံစားပြီး မနက်လေးနာရီအထိသောင်းကျန်းနိုင်ပါပြီ။
>> အထက်ပါ ဖြစ်ရပ်များ၊ ကျင့်သုံးမှု များ ကိုသီဟကိုယ်တိုင်ကျင့်သုံးပြီးသားပါ။ စာမေးပွဲအောင်သည်ဟုအာမခံပါသည်။ ဂုဏ်ထူးတွေ မဲရစ်တွေ ပါ ပါတယ်။ စာမေးပွဲကျခဲ့လျင် Plan B ကိုသွားပါ။ Plan B မှာ ဘာလုပ်ရမလဲ လို့မေးမယ်ဆိုရင် ကိုယ်ဟာကိုယ်မေးပါ။ ကိုယ်သာလျင် ကိုယ့်အရှင်သခင်ဖြစ်သည်။ ကိုယ်လုပ်မှကိုယ်ရတာပါ။
================================================================
တစ္ကယ္ေတာ့ ကိုယ္ေတြစာမက်က္တဲ့လူေတြထဲမွာ ထိပ္ဆံုးကေနပါတယ္။ စာလဲမက်က္ဘဲနဲ့ စာေမးပြဲေအာင္ေတာ့ “နင္ဘယ္လိုေျဖလဲ” လို့လူတိုင္းလိုလိုလာေမးၾကတယ္။ တစ္ကယ္ေတာ့ စာေမးပြဲဆိုတာကိုယ္ေတြအတြက္ေတာ့ အဆ ပါ
>Semester တစ္ခုလံုးစာမက်က္ပါနဲ့။ စာက်က္လိုက္တာနဲ့ Topic တစ္ခုကိုေခါင္းထဲမွတ္လိုက္ရင္ အျခားစာေတြေမ့သြားတတ္ပါတယ္ (ကိုယ္ေတြကေတာ့အဲ့လိုဘဲ။ဘယ္ေတာ့မွ အရာ သံုး ခု ေလး ခု ကိုတစ္ျပိဳင္နက္ ေခါင္းထဲမထည့္ထားဘူး။) အဲ့ေတာ့စာဖတ္ပါ။ ဖတ္စာအုပ္ဖတ္ပါ။ အင္တာနက္မွာဆက္ရွာဖတ္ပါ။ ကိုယ့္ဟာကိုယ္အဲ့အေၾကာင္းအသစ္ျပန္ေရးပါ။ ကိုယ္ေရးထားတာကိုဖတ္ပါ။
>စာေတာ့ဖတ္လာပါတယ္ စာေမးပြဲနီးျပီဆို စာကမက်က္ရေသးေတာ့ (ငယ္ကတည္းကက်က္လာတဲ့ေသာက္က်င့္ေလးကလည္းပါလာေတာ့) စာမရမွာဆိုးလာပါတယ္။ အဲ့အခ်ိန္ထိစာဆက္ဖတ္ပါ။ စာရတယ္ဆို တဲ့ ကီ သြင္းနည္းေတြအမ်ားၾကီးပါ။ ကိုယ္ေတြက်င့္သံုးတဲ့ ကီ သြင္းနည္းေလးကိုေျပာျပမယ္။ စာေမးပြဲမေျဖခင္ ၁၀ရက္ တစ္ပတ္ အလို ဘယ္သြားသြားစာအုပ္ကိုကိုင္ထားပါ။ ကိုင္ထားတဲ့စာအုပ္ကိုအပ်င္းေျပ အားရင္ဖတ္ပါ။အိပ္လည္း ရင္ဘက္ေပၚတင္ထားပါ။ စာေမးပြဲခန္း၀င္တဲ့အထိ စာအုပ္ကိုကိုင္ထားပါ။ စာေမးပြဲခန္း၀င္ခါနီးမွ ဘုရင့္ေနာင္ေဖာင္ဖ်က္သလိုမ်ိဳး စာအုပ္ကို ၀ဲ ပလိုက္ပါ။ (စာအုပ္ကိုရိုေသလို့စာေမးပြဲက်တယ္ဆိုတာမရွိပါဘူး။ ကိုယ္ေသာက္သံုးမက်လို့ စာေမးပြဲက်တာဘဲရွိတယ္။)။ ျပီးလ်င္ စာေမးပြဲအခန္းထဲ သို့ Dark Souls ထဲက Nameless King ၾကီးကိုခ်ေတာ့မည့္အသြင္ ၀င္လိုက္ပါ။ Nameless King ဆိုးသြမ္းပံုကိုပံုတြင္ခံစားပါ(ေသခါနီးအထိ ကီ သြင္းထားပါတယ္လို့ဆိုနိုင္ပါတယ္။)
>စာေမးပြဲခန္းထဲေရာက္ျပီဆိုတာနဲ့ ကိုယ္ေတြကေတာ့ BC ကလူေတြေစာင့္တယ္။ သူတို့စာေမးပြဲစည္းကမ္းဖတ္တာကိုနားထဲမသြင္းပါနဲ့။ ကိုယ္က Smart Watch တို့ iPhone တို့မကိုင္နိုင္ရင္အဲ့စည္းကမ္းေတြက ကိုယ္ေတြနဲ့ မဆိုင္ပါဘူး။ ေျဖ…ဆိုတာနဲ့ သြင္းထားခဲ့တဲ့ ကီ ေတြ အားပါးတရထုတ္ျပီး ငါရတယ္ဆိုျပီး ေျဖသာေျဖလိုက္ပါ။ ျဗိတိသ်ွမွစာစစ္သူမ်ားသည္ျမန္မာျပည္လို အမွတ္ေပးကပ္ေစးမကုပ္သည္ကိုလဲႏွလံုးသြင္းယူထားပါ။ သူနဲ့ဆိုင္တဲ့ စာလံုးေတြပါရင္ကို အမွတ္ရတယ္ဆိုတာသိထားလိုက္ပါ။ ေျဖျပီးရင္ အေစာဆံုးထြက္ပါ။ ဒါမွ ၀ဋ္ က်ြတ္တာျမန္မွာ။
>ဒီအေျခအေနမွာအားရ၀မ္းသာေပ်ာ္ပါးေနပါ။
—၂လေသာအခ်ိန္ကာလၾကာျပီး အဲ့လ ရဲ့ဒုတိယအပတ္ေသာၾကာေန့ေရာက္ေသာအခါ–
>ေနာင္တရပါ။ ေျခလက္ေတြ ေအး စက္ေနပါေစ။ စိတ္လွုပ္ရ်ားလို့ အန္စရာရွိလ်င္ အားရပါးရအန္လိုက္ပါ။ ပိုက္ဆံဘယ္လိုျပန္သြင္းျပီး စာေမးပြဲဘယ္လိုျပန္ေျဖရမည္ဆိုတာကို တစ္ပတ္ၾကိဳစီစဥ္ထားပါ။ စာေမးပြဲေျဖေနစဥ္ မိမိေဆာ့ေသာ DotA ID နဲ့ Student ID မွားတတ္မိလိုက္သလား ေတြးျပီး အ၀ေၾကာက္ပါ။ ညေန ေလးနာရီ ငါးနာရီ ၀န္းက်င္တြင္ ဘယ္သူမွမေခၚေသာ သင့္ဖုန္းက ေမ့ေတ့ေတ့ျဖစ္ေနေသာ ringtone အသံေလးနဲ့ဖုန္းကိုင္ဖို့ အသိေပးပါလိမ့္မယ္။ ဖုန္းကိုင္လိုက္ပါ။ ၁၀စကၠန့္အတြင္း Plan A နဲ့ Plan B ခ်ထားခဲ့လ်င္ Plan တစ္ခုေနာက္ကိုေတာ့လိုက္ရမည္ကိုသိထားလိုက္ပါ။ ကိုင္း….စာေမးပြဲေအာင္သြားပါျပီ။ အားရပါးရေပ်ာ္ပါ။ စာမက်က္ဘဲေအာင္ခဲ့လ်င္ တစ္ညလံုး ေဘးနားကအခန္းေတြကိုအားမနာဘဲ Fairy Tail Theme Song ၾကီးဖြင့္ျပီး ျမဴးလိုက္Mukashi no Yuujin ga Kawarazu ni iru Toiu no mo Waruku nai Mono da na ဖြင့္ျပီးေဆြးလိုက္ တစ္ညလံုး ခံစားခ်က္ေပါင္းစံု လည့္လွည္ခံစားျပီး မနက္ေလးနာရီအထိေသာင္းက်န္းနိုင္ပါျပီ။
>> အထက္ပါ ျဖစ္ရပ္မ်ား၊ က်င့္သံုးမွု မ်ား ကိုသီဟကိုယ္တိုင္က်င့္သံုးျပီးသားပါ။ စာေမးပြဲေအာင္သည္ဟုအာမခံပါသည္။ ဂုဏ္ထူးေတြ မဲရစ္ေတြ ပါ ပါတယ္။ စာေမးပြဲက်ခဲ့လ်င္ Plan B ကိုသြားပါ။ Plan B မွာ ဘာလုပ္ရမလဲ လို့ေမးမယ္ဆိုရင္ ကိုယ္ဟာကိုယ္ေမးပါ။ ကိုယ္သာလ်င္ ကိုယ့္အရွင္သခင္ျဖစ္သည္။ ကိုယ္လုပ္မွကိုယ္ရတာပါ။
Like this:
Like Loading...
Related