တက္ကသိုလ်တတ်လာတာ ၂နှစ် ရှိပြီ။ ကိုယ်ပိုင်တက္ကသိုလ်ဖြစ်ပြီးတော့မှ ပိုက်ဆံ ဈေးအမြင့်လဲပေးရတယ် ကျောင်းသားတွေကို စုတ်တီး စုတ်ပျက် ထားတယ်။ တီဗွီက ကြော်ငြာ၊ Facebook ကတင်တဲ့ သူတို့ကျောင်းအကြောင်း ယောင်လို့တောင်သွား နားမ၀င်မိပါစေနဲ့။ ၁၀ ခု မှ ၁၀ ခုလုံ အလိမ်အညာ post တွေကြီးဘဲ။ မယုံ ရင် ကျောင်းသားတွေကို Survey ကောက်ကြည့်ပါ။
ကျွန်တော်တတ်တဲ့ကျောင်းက သူတို့ ကိုယ်သူတို့ အရမ်း Arrogant ဖြစ်လွန်းတဲ့ မြန်မာပြည်က ဘာကြီး ကွ ဘာညာ မဟုတ်တာတွေ ဂုဏ်ယူနေတဲ့ MCC Training Institute ပါ။ ဘာလို့ MCC TI လို့ မပေးလဲမသိ။ MCC.i တဲ့ full stop လေးခံပြီး small letter လေးခံသွားတယ်ပေါ့။ တော်တော်ခြာတဲ့ design ပါ။ တော်ပါပြီ အပြစ်တွေက အများ ကြီး။ တစ်ခုချင်း လိုက်ထောက်ပြနေရင် Thiha Saga 101 Chapter တွေ အကုန်လုံး သူတို့မကောင်းကြောင်းဖြစ်သွားလိမ့်မယ်။
ကျွန်တော့်ကို ဂျူနီယာ ညီငယ်ညီမငယ်တွေကမေးကြပါတယ်။ အစ်ကိုဘယ်ကျောင်းတတ်လဲ။ အစ်ကိုတတ်တဲ့ကျောင်းကတော်တော်ကောင်းလား။ အစ်ကိုက IT နဲ့ ပတ်သက်လို့ အရမ်း strong spirit ဖြစ်တာဘဲနော်(ဟီဟီ)။ စသဖြင့် မေးလာကြတယ်ပေါ့။ ကိုယ်တွေလဲ နောက်ဆုံးနှစ်ကျောင်းသား ဖြစ်ပြီကိုး။
ကိုယ်တွေကတော့ မလာခိုင်းပါဘူး။ နိုင်ငံခြားဘဲသွားခိုင်းတာ။ ကျောင်းသား သူပုန်ထဲမှာ ကိုယ်ပါတယ်။ ကိုယ်ကမကြောက်တတ်တာ အပြင် ကျောင်းမှာ ထူးချွန်တဲ့ကျောင်းသားမဟုတ်တောင် စာမေးပွဲအမြဲအောင် နေတဲ့အကောင်ဆိုတော့ အမှန်တရားကိုရှာဖွေလို့ရမယ်လို့ ခံယူချက်ချမိတယ်။
ကျောင်းက ကျောင်းသားတွေကို ဖြစ်သလိုထားတာ စုတ်တီးစုတ်ပြတ်ထားတာဟာ ကိုယ်တွေရဲ့ ဒုတိယနှစ်မှာသိသာလာပါတယ်။ အခြေခံ facility ဖြစ်တဲ့ Air-con တွေအိမ်သာတွေ ထိုင်ခုံတွေကအစ ချို့ယွင်းချက်တွေရှိလာတယ်။ ကျောင်းက ဆရာမ တစ်ချို့တွေဆို “ငါဆရာကွ ငါ့စကားမင်းနားထောင်၊ ငါကြိုးဆွဲတဲ့အတိုင်း မင်းရုပ်သေးက” အဲ့ လိုအချိုးတွေ ချိုးလာတာ ကိုယ်တွေမျက်လုံးရှေ့ပါဘဲ။ ကိုယ်တွေကိုတော့ အဲ့လိုလာမလုပ်ရဲကြပါဘူး။ လုပ်ရင်အချက်ကြကြပြန်ထောက်ပြပြီး စကားနဲ့ အတွယ်ခံရမယ်ဆိုတာသိနေလို့လာတော့မသိ။ ကိုယ်တွေတော့အပြောမခံရပေမဲ့ ကိုယ့်ရဲ့ အတန်းဖော်တွေအပြောခံရတာတွေမြင်ရတော့ စိတ်ကမကောင်းဘူးရယ်။
ပြီးတော့ IT အဓိကသင်တဲ့ကျောင်းလို့ သာပြောတာ တော်တော်ညံ့တဲ့ကျောင်း။ ကျောင်းမှာ File server မရှိဘူး။ Lab အခန်း ဆိုဝေး။ Internet ဆိုတာ သူတို့နဲ့ တစ်ထပ်တည်းမှာဖွင့်ထားတဲ့ Telenor ရုံးခန်းကို ပေးထားတယ်။ အဲ့တာဘယ်လိုရိပ်မိလဲဆို Internet က နိုင်ငံခြားက စစ်ဆေးရေးခေါ် ISO တွေလာပြီဆိုတာနဲ့ တစ်ကျောင်းလုံး Internet ရချက်။ အဲ့တော့မရိပ်မိဘဲနေမလား။ ကျောင်းသားတွေက Internet လိုပါတယ်။ IT သမားအများစုဟာ ကျောင်းကသင်တဲ့ module တွေထက် self learning ကိုသွားတဲ့လူများပါတယ်။ ခုဟာက လိုင်းသာလွင့်ထားပေးသာ အင်တာနက်က မရှိ။ ISO လာမှ လိုင်းကောင်းတယ်ဆိုတော့ ISO တွေခါးမှာ router တတ်ထားသလားအောက်မေ့ရတယ်။
အဲ့တာနဲ့ ကိုယ့်ကိုယ်ကိုယ် MCC ကျောင်းသားဖြစ်ရတာရှက်လာတယ်။ ကျောင်း Uniform ကိုဘယ်တော့မှမထုတ်တော့ဘူး။ ဒါကကိုယ်တွေကျောင်းသား သူပုန်ဖြစ်လာတဲ့ စစချင်းပုံစံပေါ့။ ဒါပေမဲ့ ယူနီဖောင်းမ၀တ်လို့ မင်းဘေးနားကအရာတွေပြောင်းလဲသွားမယ်ထင်လား…။ ဟားဟား… မပြောင်းဘူး။ အဲ့တော့ မင်းဟာစနစ်ဆိုးကို တော်လှန်သူဖြစ်ရတော့မယ်။ ဘယ်လိုတော်လှန်မှာတုန်း။ မီးတုတ်နဲ့လား။ လှံနဲ့လား။ အကြမ်းဖက်လား။ အဲ့လိုတော့မဟုတ်ဘူး။ အကြမ်းဖက်ရင်မပြောင်းလဲဘူးဆိုတာကိုယ်တွေသိတယ်။ အဲ့တော့ နောက်ဆုံးနှစ် စတာနဲ့ ကျောင်းရဲ့ အတွင်းလူ ဖြစ်အောင်လုပ်မယ်။ အတွင်းလူဖြစ်ဖို့ကလွယ်တယ်ရယ်။ ပြီးရင်ကိုယ့်လူတွေဖြစ်အောင် သိမ်းသွင်းပြီး ပြောင်းလဲလိုသမျှအကုန်ပြောင်းလိုက်မယ်။ ဒါဟာ strategy ကျပါတယ်။ Management စကေးတွေ Social စကေးတွေလိုပါတယ်။ ကိုင်း စနစ်ဆိုးကြီးကို တစ်နေရာကနေတွန်းလွတ်ရအောင်…။