ဂိမ်းကို ဘယ် Generation ကစဆော့လဲဆိုတော့ ကိုယ်တွေမွေးတော့ SNES က သက်တမ်းကုန်ရှာပြီ။ ဒါပေမဲ့ SNES ကနေစဆော့တာ။ ပထမဆုံး ဘာဂိမ်းဆော့ခဲ့လဲ ဆိုတော့သိတော့ဘူးရယ်။ SNES ဆော့တုန်းက Top Gear ရယ် Super Mario World ရယ် International Super Star Soccer Deluxe ကိုစဆော့တာဆိုတော့ အဲ့၃ခုထည်းက တစ်ခုခုဘဲ။ မှတ်မိတော့ဘူး။ ဒါပေမဲ့ ဒီနေ့အထိအရမ်း ကြိုက် တဲ့ ဂိမ်းကSuper Mario World။ အခုခေတ်ဂိမ်းတွေကို ယှဉ်နိုင်တုန်း။ Soundtrack လား Gameplay လာ Character Design လား ခုခေတ်ထိယှဉ်လို့ရသေးတယ်။
SNES ဘယ်လိုရလဲဆိုတော့ အိမ်က အရင်က ဂိမ်းဆိုင်ဖွင့်တာ။ SNES နဲ့ SEGA Genesis နှစ်မျိုးပေါ့။ ဆိုင်သိမ်းတော့ Genesis တော့မရလိုက်ဘူး။ SNES တစ်လုံးတော့ အိမ်ကလူတွေဆော့ဖို့ကျန်ခဲ့တယ်။ SNES ခေတ်တုန်းက ခွေရှားတာရယ် ခွေဈေးကြီးတာရယ် တော်တော် များများမ၀ယ်နိုင်ခဲ့ဘူး။ ကိုယ်တွေမှာရှိခဲ့တဲ့(ခုတော့မရှိတော့ဘူး) SNES Library ဆိုလို့ Super Mario World, Donkey Kong, Top Gear, Aladdin, ISSD ရယ် အဲ့တာတွေဘဲ။ SNESကို ၂၀၀၇ လောက်အထိ ကိုယ်တွေဆော့ဖြစ်ခဲ့တယ်။
PS1 Gen မှာတော့ကိုယ်တွေဆိုင်မှာဘဲဆော့တာများတယ်ရယ်။ ဆိုင်မှာလဲပြောသာပြောသာသိပ်မဆော့ဖြစ်ဖူးရယ်။ PS1 တုန်းက ဆော့တော့ဆော့ခဲ့တာဘဲ။ ဘာတွေမှန်းမမှတ်မိတော့ဘူး။ အဲ့တော့မသေချာတာတွေမပြောတော့ဘူး။
ပြီးတော့ PS2 အိမ်က၀ယ်ပေးတယ်။ ငယ်တုန်း ကလေးဆိုတော့ ဘာမှအပူ အပင်မရှိတော့ ဂိမ်းရူးတာပေါ့။ တစ်နေ့၆နာရီလောက်ဆော့တယ် (ခုတော့ တစ်နေ့ ၁၄နာရီ ကွန်ပျူတာရှေ့) ။ တော်တော်ဆော့ခဲတာပေါ့။ Dynasty Warriors 5 ကို နာရီ ၅၀၀အထက်ဆော့ခဲ့တယ်။ အကုန် Level 50 နဲ့။ PS2 era မှာ စပြီး Emulator တွေနဲ့ ရင်းနီးခဲ့တယ်။ Emulator တွေနဲ့ ကိုယ်တွေမဆော့ခဲ့ရတဲ့ ဂိမ်းတွေကို ဆက်ဆော့တာ ၂နှစ်ကြာတယ်။
PS3 Era ရောက်တော့ PS3 မ၀ယ်နိုင်ဘူး။ ဒါပေမဲ့ ကွန်ပျူတာအစုတ်လေးနဲ့ Assassin’s Creed အကုန်ဆော့ခဲ့တယ်။ 20 fps နဲ့ ဟီဟီ။
အခုတော့ ဂိမ်းတွေကိုယ့်အပေါ်သက်ရောက်မှု အများကြီးရှိမှန်းသိလိုက်ရပြီ။ Creative thinking, Language skill, logical thinking တွေအပြင် အများကြီး ကိုယ်တွေ ဂိမ်းကနေဘဲရခဲ့တယ်။ အခုလက်ရှိတော့ လက်ထဲမယ် 3DS ရယ် Wii U ရယ်ရှိတယ်။ Nintendo fan ဆိုတော့ကာ အဲ့တာဘဲဆက်ဆော့ဖြစ်တယ်။
အခုထိဆက်ဆော့နေသေးတဲ့ဂိမ်းဆို လို့ Super Mario World ဘဲထင်ထင်ရှားရှားခေါင်းထဲပေါ်လာတယ်။
Video Game is part of my soul.