လွန်ခဲ့တဲ့၂နှစ်ကိုပြန်သွားမယ်ဆိုရင် ကိုယ်တွေဘာဆိုဘာမှမလုပ်တတ်ဘူး…။ အဲ့တုန်းက လုပ်တတ်တာဆိုလို့ စိတ်ကူးယဉ်တာ (Plan ချတာပေါ့) ဘဲရှိတယ်။ အဲ့တုန်းက နောင်၂နှစ်ခွဲ အချိန် (၂၀၁၇) ဆိုရင် ဘာတွေပြီးရမယ်ဆိုပြီးတွေးတာပေါ့။ အဲ့တုန်းကစိတ်ဓာတ်ကျနေတာကောပါတယ်…။ အဲ့ကျနေတဲ့စိတ်ဓာတ်ကြောင့်ကို သူများတွေထက်သာအောင်လုပ်မယ်ဆိုပြီး ကြိုးစားခဲ့တယ်…။ တော်တော်လေးကိုပင်ပန်းခဲ့ပါတယ်။ အရင် ၂နှစ်နဲ့ယှဉ်လိုက်ရင် အခုတော့ ကိုယ့်ကိုယ်ကို လူကြီးတစ်ယောက်အနေနဲ့ခံစားရတယ်။ အပျော်အပါး လည်းဂိမ်းဆော့တာကလွဲလို့ ကျန်တာမရှိဘူးရယ်…။ အဲ့တာနဲ့ ချထားတဲ့အစီစဉ် အားလုံးနီးပါ ၂နှစ်ခွဲမတိုင်ခင်မှာကိုပြည့်တယ်လို့ပြောလို့ရတယ်ပေါ့။ ကိုယ့်ကိုယ်ကို ပြန်တွေးမိရင်လည်း အားရမိတယ် ကျေနပ်မိတယ်ရယ်။ ကိုယ်ဝါသနာပါတဲ့ ဟာနဲ့ လုပ်နေရတဲ့ဟာ ထပ်တူကျတာကောပါတာကြောင့် အဲ့အရာနဲ့ပတ်သက်လို့ လေ့လာရင် ဘယ်လောက်ခက်ခက် မရရအောင်နားလည်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကအခံလေးရှိပြီးသား။
————————————————————————-
အခုတော့ နောက်၃နှစ်လောက် ထိဘာလုပ်ရမလဲဆိုတာ တွေးထားတယ်။ အားလုံးနီးပါးက မဖြစ်နိုင်တဲ့ အခြေအနေရောက်နေတယ်။ ရွေးချယ်စရာတွေများနေတယ်။ ဒါမရရင် နောက်တစ်လမ်းဆိုတဲ့ multiple ending တွေ ကိုတစ်ပုံကြီး။ အရင်၂နှစ်ကထက်ပိုပင်ပန်းမယ်ဆိုတာသိလာတယ်။ ဒါပေမဲ့ အဲ့ဒီ အစီအစဉ်တွေကိုရေးထားတဲ့ စာရွက် ကိုအမှားမခြစ်လိုက်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်မဖြစ်နိုင်တာကိုမလုပ်နိုင်ဘူးဆိုတာရှိခဲ့လို့။ လွန်ခဲ့တဲ့၂နှစ်ကလည်းဒီလိုတွေးခဲ့တာဘဲ။ ဒါပေမဲ့ တွက်ထားတာထက် 90% လောက်ဖြစ်လာတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုတော့ယုံကြည်မှုတွေအခုအတွက်တိုးလာတာပေါ့။